ဒီစာကို Select ပေးပြီးရေးပါ...
ကိုယ် အရမ်းလွမ်းနေတယ် ဆိုတာ မင်းမသိပါဘူးကွာ
Saturday, October 22, 2011
Saturday, September 15, 2007
Thursday, September 13, 2007
" ခြစားသွားသောအိမ်မက်များ "
ခံစားနေရတာတွေမသိချင်နေပါ
ဘေးမှာ၊အဝေးမှာ
စိုးရိမ်သောကတွေမဖြစ်ပြရင်နေပါ
ဟိုး........အကွယ်မှာ
လိမ်ညာတာဖြစ်ဖြစ် သတိရတယ်ဆိုတာနဲ့
ဖြေသာလို့
ရေရာတယ်ဆိုတာမရှိ
တိမ်တွေကိုမော့ကြည့်ပြီး
ဘ၀ကိုသံယောင်လိုက်ခဲ့တဲ့ညတွေက
ပရမ်းပတာ
တကယ်ဆိုအပြီးသတ်ခဲ့တယ်ပြောမလား
နီးခဲ့ရ ရက်တွေလက်ချိုးရေ
တစ်နွေပြီးတစ်နွေ
အတိတ်မှာကြွေလို့ စေစားခဲ့တာ
ကျန်ရစ်ယုံ သက်သက်ဆို
အဲဒီ........၉ ရက်ကစပြာချဖြစ်ခဲ့ပါတယ
A.L.T
ဘေးမှာ၊အဝေးမှာ
စိုးရိမ်သောကတွေမဖြစ်ပြရင်နေပါ
ဟိုး........အကွယ်မှာ
လိမ်ညာတာဖြစ်ဖြစ် သတိရတယ်ဆိုတာနဲ့
ဖြေသာလို့
ရေရာတယ်ဆိုတာမရှိ
တိမ်တွေကိုမော့ကြည့်ပြီး
ဘ၀ကိုသံယောင်လိုက်ခဲ့တဲ့ညတွေက
ပရမ်းပတာ
တကယ်ဆိုအပြီးသတ်ခဲ့တယ်ပြောမလား
နီးခဲ့ရ ရက်တွေလက်ချိုးရေ
တစ်နွေပြီးတစ်နွေ
အတိတ်မှာကြွေလို့ စေစားခဲ့တာ
ကျန်ရစ်ယုံ သက်သက်ဆို
အဲဒီ........၉ ရက်ကစပြာချဖြစ်ခဲ့ပါတယ
A.L.T
Wednesday, September 12, 2007
"တစ်ခန်းရပ်ပြဇတ် "
တစ်မနက်စာခြယ်သထားတဲ့
အလှတွေကြား
တစ်ဘ၀စာ မြှပ်ခဲ့
ဒီ....နာရီ ၁၀း၃၀ မှာပဲ
ငါ့ရင်တွေခဏခဏလှုပ်လို့
အပြီးမသတ်ခဲ့တဲ့ အပြုံးတစ်ဝက်နဲ့တင်
နှလုံးသားတစ်ခုလည်း မီးလောင်မြိုက်လို့
ဒီလိုပဲ.......
လူမသိသူမသိငါရပ်စောင့်နေတဲ့ လမ်းမှာ
မင်းမလာတော့မှန်းလည်းမသိ
ပင့်သက်တွေအလယ် နွေ လုံးလုံးလျှားလျှား
ဖြစ်ကျန်ရစ်ပြီး
ရာသီတစ်ခုလုံး အဖော်မဲ့
အတိတ်တွေနီးလာလိုက်.........
ဝေးသွားလိုက်နဲ့
ဆည်းဆာကအသစ်တဖန်ဖြစ်ဖြစ်သွား
ငါ့ရဲ့ညတွေတစ်စတစ်စနဲ့ အိုလို့
ရင်ခွင်ဟောက်ပက်နဲ့ တေးတွေဆိုဆို ဖြစ်နေတာ
ခုထက်အထိပေါ့
A.L.T
အလှတွေကြား
တစ်ဘ၀စာ မြှပ်ခဲ့
ဒီ....နာရီ ၁၀း၃၀ မှာပဲ
ငါ့ရင်တွေခဏခဏလှုပ်လို့
အပြီးမသတ်ခဲ့တဲ့ အပြုံးတစ်ဝက်နဲ့တင်
နှလုံးသားတစ်ခုလည်း မီးလောင်မြိုက်လို့
ဒီလိုပဲ.......
လူမသိသူမသိငါရပ်စောင့်နေတဲ့ လမ်းမှာ
မင်းမလာတော့မှန်းလည်းမသိ
ပင့်သက်တွေအလယ် နွေ လုံးလုံးလျှားလျှား
ဖြစ်ကျန်ရစ်ပြီး
ရာသီတစ်ခုလုံး အဖော်မဲ့
အတိတ်တွေနီးလာလိုက်.........
ဝေးသွားလိုက်နဲ့
ဆည်းဆာကအသစ်တဖန်ဖြစ်ဖြစ်သွား
ငါ့ရဲ့ညတွေတစ်စတစ်စနဲ့ အိုလို့
ရင်ခွင်ဟောက်ပက်နဲ့ တေးတွေဆိုဆို ဖြစ်နေတာ
ခုထက်အထိပေါ့
A.L.T
Tuesday, September 11, 2007
" စံတော်ချိန်လွဲတဲ့ ညနေ "
ကျွန်တော်ရဲ့လိပ်ပြာတွေကညနေဆို
ယောက်ယက်ခတ်
ဖတ်ခနဲ .......နာရီတစ်ချက်ကြည့်တယ်
ပြီးတော့
ဖြည်းဖြည်းချင်းဆွဲခေါ်သွားတယ်
ည.......း
73း0 မှာပဲသူသူငါငါလို
အရှေ့မြို့ရိုးကြီးနဲ့မိတ်ဆက်ခိုင်းတယ်
ဒါပေမယ့်....ပုံပျက်ပန်းပျက်
စက္ကန့်တံတွေကသူတို့ရဲ့ညစာကို
ကျွန်တော်ရဲ့လက်ပေါ်က
တမျှင်ချင်းဆွဲထုတ်သွား
တရွှေ့ရွှေ့ကုန်ဆုံးပေါ့
သြော်.......
မျှော်တာကိုသူသိတာလည်းရှိမယ်
မသိတာလည်းရှိမယ် (ရှိပါစေတော့)
လမင်းကိုအဖော်ပြု
အခု (ကျွန်တော်)
အိပ်တန်းတက်ခဲ့ပြီ ။
A.L.T
ယောက်ယက်ခတ်
ဖတ်ခနဲ .......နာရီတစ်ချက်ကြည့်တယ်
ပြီးတော့
ဖြည်းဖြည်းချင်းဆွဲခေါ်သွားတယ်
ည.......း
73း0 မှာပဲသူသူငါငါလို
အရှေ့မြို့ရိုးကြီးနဲ့မိတ်ဆက်ခိုင်းတယ်
ဒါပေမယ့်....ပုံပျက်ပန်းပျက်
စက္ကန့်တံတွေကသူတို့ရဲ့ညစာကို
ကျွန်တော်ရဲ့လက်ပေါ်က
တမျှင်ချင်းဆွဲထုတ်သွား
တရွှေ့ရွှေ့ကုန်ဆုံးပေါ့
သြော်.......
မျှော်တာကိုသူသိတာလည်းရှိမယ်
မသိတာလည်းရှိမယ် (ရှိပါစေတော့)
လမင်းကိုအဖော်ပြု
အခု (ကျွန်တော်)
အိပ်တန်းတက်ခဲ့ပြီ ။
A.L.T
Subscribe to:
Posts (Atom)



