Wednesday, September 12, 2007

"တစ်ခန်းရပ်ပြဇတ် "

တစ်မနက်စာခြယ်သထားတဲ့
အလှတွေကြား
တစ်ဘ၀စာ မြှပ်ခဲ့
ဒီ....နာရီ ၁၀း၃၀ မှာပဲ
ငါ့ရင်တွေခဏခဏလှုပ်လို့
အပြီးမသတ်ခဲ့တဲ့ အပြုံးတစ်ဝက်နဲ့တင်
နှလုံးသားတစ်ခုလည်း မီးလောင်မြိုက်လို့
ဒီလိုပဲ.......
လူမသိသူမသိငါရပ်စောင့်နေတဲ့ လမ်းမှာ
မင်းမလာတော့မှန်းလည်းမသိ
ပင့်သက်တွေအလယ် နွေ လုံးလုံးလျှားလျှား
ဖြစ်ကျန်ရစ်ပြီး
ရာသီတစ်ခုလုံး အဖော်မဲ့
အတိတ်တွေနီးလာလိုက်.........
ဝေးသွားလိုက်နဲ့
ဆည်းဆာကအသစ်တဖန်ဖြစ်ဖြစ်သွား
ငါ့ရဲ့ညတွေတစ်စတစ်စနဲ့ အိုလို့
ရင်ခွင်ဟောက်ပက်နဲ့ တေးတွေဆိုဆို ဖြစ်နေတာ
ခုထက်အထိပေါ့

A.L.T

No comments: